Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျန်းမာရေးမှူး-၄၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ကျန်းမာရေးမှူး-၄၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၁

==========

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ်လ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးမှူး-၄၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တို်ငးဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို အကောင် အထည်ဖော်ရာတွင် အမျိုးသားကျန်းမာရေး စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊  ပြည်သူလူထုတစ်ရပ်လုံးကို အခြေခံကျသည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေး ပြည့်ဝစွာ ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို နှစ်အလိုက် တိုးမြှင့်ဖြည့်ဆည်းပေးထားပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျန်းမာရေး ဝန်ထမ်းအင်အား ဖြည့်တင်းပေးမှုကိုလည်း ဦးစားပေးကဏ္ဍအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ကြီးကြပ်(၂)များသည် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း ရပ်ကွက်/ကျေးရွာအဆင့်ထိ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း၊ ကျန်းမာရေးကြီးကြပ် (၂)များအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများတွင် ရောဂါနှိမ်နှင်းရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပေးရမည့် ဝန်ထမ်းများဖြစ်ပြီး ယနေ့သင်တန်းဆင်းကြမည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)က မိမိတာဝန်ကျရာဒေသရှိ ပြည်သူများ လိုအပ်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို အခြားကျန်းမာရေးဝန်ထမ်းများနှင့်အတူ စေတနာ့ဝန်ထမ်းများ၊ နှီးနွယ်ဌာနများ၊ ရပ်ရွာမှတာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုများကို အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ထူးချွန်ဆုရရှိကြသော သင်တန်းသား/သူများအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ သင်တန်းသား/သူများကိုယ်စား ကိုယ်စားလှယ် (၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်း ကျန်းမာရေးမှူး-၄၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုန်ဆက် အားပေးခဲ့သည်။

      အဆိုပါ ကျန်းမာရေးမှူး-၄၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်းသို့ သင်တန်းသား/သူ(၁၇၁)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ(၆)လကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။