Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဧပြီ ၂၁

===================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၉)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သေတပန်သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ လက်တွဲ ပူးပေါင်းနေထိုင်သွားကြမည်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/ တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံကြရမှာ ဖြစ်သည့်အတွက် ယဉ်ကျေးသိမ့်မွေ့စွာ တစ်ဦးနှင့်တစ်ဦး လေးစားရိုသေရန်နှင့် တိုင်းဒေသကြီးဂုဏ်ကို သတိနှင့်ယှဉ်ပြီး ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ ပညာရေး သည် နိုင်ငံနှင့်လူမျိုးတို့၏ အသက်ဝိဉာဉ်၊ ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်း မှု၏ ဗဟိုဖြစ်သည့်အတွက် နိုင်ငံတော်ကို ကျေးဇူးသစ္စာ စောင့်သိကြရန်၊ မိမိတို့ လူမျိုး၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများဖြင့် အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား နီးနှောဖလှယ်ပြီး ချစ်ခင်ရင်းနှီးမှု ရယူကြရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဟူသည့် နိုင်ငံတော်၏ ဦးတည်ချက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ တိုင်းရင်း သား ညီအစ်ကိုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သင်တန်းသူ(၂၄)ဦး တို့အတွက် ထောက်ပံ့ငွေကျပ်(၂၄)သိန်းအား ပေးအပ်ခဲ့ပြီး၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်းအမှတ်စဉ်(၉)သို့ သင်တန်းသား/သူ(၁၂)ဦး၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ သင်တန်းသား/သူ (၁၂)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟံသာဝတီရှေးဟောင်းကျုံး တူးဖော်မှု၊ ရန်ကင်းသားပန်းခြံ အဆင့်မြှင့်တင်နေမှုနှင့် ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၊ တောင်ဘက်မုခ်၌ ဓါတ်လှေကား တည်ဆောက်နေမှု တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။