Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် ရင်ဆိုင် တုံ့ပြန်နိုင်ပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် ရင်ဆိုင် တုံ့ပြန်နိုင်ပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၇

========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၆)ရက်နေ့၊ ညနေ ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ပြောင်းလဲ၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရန် လမ်းကြောင်း များ ကြိုတင်ခန့်မှန်းချက်များအရ ပဲခူးတိုင်းဒေသကြီးသည်လည်း မုန်တိုင်းဒဏ်ခံရနိုင်သည့် အလာအလား များရှိနေကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထား ပြီးဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တည်မြဲအမိန့်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မြစ်ချောင်းဘေးရှိ ရပ်ကွက်/ကျေးရွာများနှင့် မုန်တိုင်းလမ်းကြောင်းဖြတ်သန်းရာ မြို့နယ်များအား မုန်တိုင်းအန္တရာယ်ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ဘေး သင့် ပြည်သူများအတွက် ခိုနားရန်နေရာများအား ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများ အညီ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ရိက္ခာခြောက် စသည့် အခြေခံစားသောက်ကုန်များအား နယ်မြေအလိုက် စနစ်တကျကြိုတင်စုဆောင်းထားရှိရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး သက်ဆိုင်ရာ ကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးဖြစ်စဉ်ကာလအတွင်း ကျန်းမာရေး၊ ကယ်ဆယ်ရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွက် အရေးပေါ်ချက်ခြင်းတုံ့ပြန် နိုင်ရေး မြို့နယ်အဆင့်မှ ရပ်ကွက်/ကျေးရွာအဆင့်ထိ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နယ်မြေဒေသအလိုက် လူဦးရေစာရင်း စနစ်တကျပြုစုထားရှိရန်၊ အရေးကြီးသော ဆေးရုံများနှင့် သီးခြား လိုအပ်သည့်နေရာများ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် ဆည်/တမံများ ကြံ့ခိုင်မှုရှိစေရေး စစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် အခြေခံစားသောက် ကုန်များ ဖူလုံမှုရှိစေရေး စာရင်းပြုစုထားရန်၊ လိုအပ်ပါက ကြိုတင်ပြောင်းရွှေ့နိုင်ရေး မော်တော်ယာဉ်၊ စက်လှေတို့ ပြင်ဆင်ထားရန်၊ နယ်မြေခံ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် အစုအဖွဲ့များဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့် ခြင်းနှင့် လုံခြုံရေးကိစ္စရပ်များလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ဆက်သွယ်မှု ကောင်းမွန်စေရေး တပ်မတော်/ရဲတပ်ဖွဲ့ဝင်များ၏ ဆက်သွယ်ရေးစက်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင် ပြင်ဆင်မှု ကောင်းကောင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ကာ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ပူးပေါင်းကြိုးစား ဆောင်ရွက်သွား ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် က ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအားလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည် က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။