Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၅

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသည် (၂) ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုလျော့ချနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားရမှာဖြစ် ကြောင်း၊ ဘတ်ဂျက်နှစ်အလိုက် ခွင့်ပြုပေးထားသည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး သည်လည်းအလွန်အရေးပါကြောင်း၊ တောင်သူအတွက် အမှန်တကယ်အကျိုးရှိသည့် လျှပ်စစ်မြစ် ရေတင်လုပ်ငန်းများကို ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း စတင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျန်ရေရရှိနိုင်သော နေရာများကိုလည်း ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ ယခင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအလိုက် ရေရရှိရေး ဆောင်ရွက်ပေး ထားသော အင်ဂျင်စနစ်အား ဆိုလာစနစ်သို့ ပြောင်းလဲဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နောင်ပြုလုပ်သော ကျေးရွာရေရရှိရေးလုပ်ငန်းများအားလုံးကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု (၂၆၇)ရာခိုင်နှုန်းရှိသော်လည်း ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးနိုင်ရေး ပဲစိုက်ခင်းတွင် နေကြာသီးညှပ်စိုက်ပျိုးသွားရန် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ဝယ်ယူ၍ နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ တောင်သူများအတွက်  ဓါတ်မြေဩဇာအိတ် များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရာတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ အခြေခံစားသောက်ကုန်များ သက်သာသောနှုန်း ထားဖြင့် လှည့်လည်ရောင်းချခြင်းများ ဆောင်ရွက်သွားရန်၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် စာရင်းဇယားထည့်သွင်းခြင်းအပိုင်းများ အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ရသည့် နိုင်ငံသားကတ်ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းစသည့် လုပ်ငန်းစဉ်များအား သတ်မှတ်ချိန်မတိုင်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ကျောင်း ဖွင့်ရာသီရောက်ပြီဖြစ်၍ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာ များ၊ ရပ်မိ/ရပ်ဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ရာ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ ကြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။