ပဲခူး ဇွန်လ ၂၈
====================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တို်ငးဒေသကြီး အတွင်းသို့ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရပ်ဆိုင်းမှုမရှိဘဲ ထပ်မံတိုးချဲ့လာကြသည်ကို ကြည့်ခြင်းအားဖြင့် မကြာမီအချိန်အတွင်း စီးပွားရေး အလားအလာကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ တည်ဆောက်ရေးကာလ တိုးမြှင့်တောင်းခံရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ကာအတွင်း အချိန်မီတည်ဆောက် ပြီးစီးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်မှုနယ်မြေများအတွင်း လုံခြုံရေးကိုလည်း ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လည်း အပြည့်အဝ ရရှိစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က BMB Steel & Accessories (Myanmar)Co., Ltd ၊ Wellmade International Investment Co., Ltd၊ Xize International Mechinery Co., Ltd တို့၏ စက်ရုံတည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းနှင့် Sudey Industrial Co., Ltd ၏ မြေငှားစာချုပ်သက်တမ်း ပြင်ဆင်ခြင်း လုပ်ငန်းစီမံချက် တို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၂၃.၇၁၂)သန်းနှင့် မြန်မာကျပ်ငွေ (၉၅၂၉.၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၇၄၅၈) ဦး ဖန်တီးပေးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။