Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်

စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၄

=================

ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်း အင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်း အဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  အမျိုးသား စာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်းအသုံးပြုနိုင်ခြင်း အားဖြင့် အထောက်အထား အခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်း အချက်အလက်များ ပံ့ပို့ပေးနေရသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း အမှာစကားပြောကြားသည်။

      ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ စာရင်းအင်း ဥပဒေ၊ နည်းဥပဒေတို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ဌာနဆိုင်ရာ များက သိလိုသည်များ ဆွေးနွေးမေးမြန်းကြကြောင်းသိရသည်။

        အဆိုပါ စာရင်းအင်းဥပဒေတွင် အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ ဗဟိုကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စာရင်းအင်းဆိုင်ရာ အကြီးအမှူး၏လုပ်ငန်းတာဝန်များ၊ ကဏ္ဍအလိုက်စာရင်းအင်းများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက် များ ကောက်ယူစုဆောင်းခြင်း၊ မေးခွန်းဖြေကြားသူ၏တာဝန်နှင့် အခွင့်အရေး၊ တရားဝင်စာရင်းအင်း များထုတ်ပြန်ခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အထွေထွေ စသည့်အခန်း(၁၂)ခန်းပါရှိပြီး နည်းဥပဒေတွင် အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များ၊ အခြေခံစည်းမျဉ်းများ၊ ဗဟိုစာရင်းအင်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ စာရင်းအင်းဆိုင်ရာ အကြီးအမှူး၏လုပ်ငန်းတာဝန်များ၊ အမျိုးသားစာရင်းအင်း စနစ် အရည်အသွေးပြည့်ဝရေးလုပ်ငန်းများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက်များ ကောက်ယူ စုဆောင်းခြင်းလုပ်ငန်းစဉ်များ၊ နည်းပညာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ရယူခြင်း၊ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာ အကောင် အထည် ဖော်ဆောင်ရွက်ခြင်း၊ တရားဝင်စာရင်းအင်းများထုတ်ပြန်ခြင်း၊ တရားဝင်စာရင်းအင်းများ အားပေးမြှင့်တင်ခြင်း၊ အထွေထွေစသည့် အခန်း(၁၁)ခန်း ပါဝင်ကြောင်း သတင်းရရှိသည်။