စိန်သာလျောင်းဘုရား၏ ဒါယကာများမှာ ပုဂံစောနစ်မင်းနှင့် ပဲကူးဘုရင်ခံ ဒုတိယမြောက် မိဂါဒိပ္ပတို့ဖြစ်ကြ၏၊ ယင်းပုဂံဘုရင်များ၏ နန်းစံခုနှစ်များမှာ ၆၆၂ ခုမှ ၆၉၃ ခုထိဖြစ်သည်၊ ပဲကူးတိုင်းစာရေးသည် ၆၆၃ ခုမှ ၆၇၃ ခုထိ ပဲကူးကို စား၏။ သို့ဖြစ်၍ စိန်သာလျောင်းကို ၆၆၃ ခုနှင့် ၆၇၃ ခုအတွင်း တည်သည်ဟု တွက်ချက်ရပါမည်။ ၎င်းဆင်းတုကို ကလျာဏီကျောက်စာ၌ ပါဋ္ဌိလို(မဟာဗုဒ္ဓရူပ)ဟု ရေးထိုးခဲ့သည်။
ပဲခူးမြို့ အရေးပိုင်ရုံး၊ ဝန်ထောက်ဦးဖြူနှင့် အမှုထမ်းများပါဝင်သည့် မဟာဒုက်အသင်းက ခြုံနွယ်သစ်ပင်များ ဖုံးအုပ်နေသော ရုပ်ပွားတော် ကို ပြန်လည်ပြုပြင်ပြီးသောအခါ စိန်သာလျောင်းဟု ဘွဲ့အသစ်ဆက်ကပ်ခဲ့ကြသည်။ ထိုနှစ်ကား ၁၂၃၉ ခုနှစ်ဖြစ်သည်။
မှတ်ချက်။
သမိုင်းကထိဟောင်း ဦးသက်တင် ရေးသားပြုစုသော ပဲခူးမြို့ စေတီပေါင်း(၅၈)ဆူသမိုင်း အကျဉ်းချုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website