Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ညီချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူး အလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ညီချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူး အလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မတ် ၂၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင် ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေးနှင့် အသား၊ ငါး၊ ဥ၊ နို့ ဖူလုံပိုလျှံမှုရှိစေရေး လအလိုက် တိုးချဲ့ဆောင်ရွက်သွားရမည့် လမ်းညွှန်ချက်များ ချမှတ် ပေးထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးရွာ ချင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်း တစ်လျှောက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအပေါ် တစ်ပင်သေ တစ်ပင်ပြန်စိုက်စနစ်ဖြင့် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းသား လူငယ်များအတွက် မြို့နယ်အလိုက် ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ၊ အနုပညာသင်တန်း များ၊ အားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် စိုက်ပျိုးသွားမည့် ကော်ဖီ၊ ကိုကိုးတို့အား ယခုအချိန်ကတည်းက ပျိုးထောင်ထားရှိခြင်းများ ဆောင်ရွက် သွားရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း တင်ပြပေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စ ရပ်များ၊ ဘာသာ/သာသနာနှင့် ဆက်လက်ကျင်းပသွားမည့် ပွဲတော်များဆိုင်ရာကိစ္စရပ်များအား အသီးသီး အကြံပြုတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ မြို့နယ် တစ်ခုချင်းအလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအပေါ် အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။