Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၅

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး အမှတ်စဉ် (၉/၂၀၂၂) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချ ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်း လင်းခဲ့ပြီးနောက် စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် မြစ်မခမြစ်တို့ရှိ ရေချို များအား စိုက်ပျိုးရေးအပြင် သောက်သုံးရေအဖြစ် အကျိုးရှိရှိအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ နွေရာသီ ရေမခမ်းခြောက်သည့် မြစ်ချောင်းများအား စနစ်တကျ မှတ်တမ်းထား၍ စိုက်ပျိုးရေး အတွက် ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ကြိုတင်စီစဉ်ထားရန်လိုအပ်ကြောင်း၊ သဘာဝမြေဩဇာအဖြစ် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသထွက်ပစ္စည်းများဖြင့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ မွေးမြူရေးနှင့်ပတ်သက် ၍ အသားထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် နိုင်ရေး နို့စားနွားမွေးမြူရေးဇုံများအား Pilot Project စတင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နို့စားနွား မွေးမြူသူများအတွက် တိရစ္ဆာန်အစာ အဆင်ပြေစေရန် နေဗီယာမြက် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများ စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အထူးသဖြင့် ဒေသအလိုက် မြေနှင့်ရေကို အကျိုးကျိုးရှိရှိ အသုံးချရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်း (၃)မိုင်မှ(၅)မိုင်အတွင်း ကျေးရွာများ မီးလင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး (၁၀)မိုင်ပြင်ပကျေးရွာများ ဆိုလာစနစ်ဖြင့် မီးလင်း နိုင်ရေးကိုလည်း စီစဉ်လျက်ရှိကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် Quality Control (QC)အဖွဲ့များ စစ်ဆေးခြင်းအပေါ် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆို်ငရားများအနေဖြင့် မိမိတို့၏ လက်အောက်ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားအချက် အလက်မှန်ကန်စေရေး တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ များ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားသာချက်၊ အားနည်းချက်များအား အကြံပြုတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အေးချမ်းတည်ငြိမ်စွာ ရုံးလုပ်ငန်းပုံမှန်ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အချက်အလက် များအား တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။