Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး မတ် ၃၁

=========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ ၏ (၃/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။

             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး(၆)ခုနှင့် ချိတ်ဆက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုများကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာလျက်ရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းများစွာ ဖန်တီးပေးနိုင်လျက်ရှိကြောင်း၊ ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့်အတူ ဖွံ့ဖြိုးလာသည့် မြို့ပြလူနေမှု အခြေအနေများကြောင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိ လာပါက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းနှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခြင်း ကုမ္ပဏီ(၂)ခု၊ သီးသန့်တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း ကုမ္ပဏီ(၃)ခုနှင့် ကုမ္ပဏီအသစ်လျှောက်ထားခြင်း(၁)ခု တို့၏ တင်ပြချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၆.၈၀၃)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း (၁၀၃၁)ဦး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၁၇.၆၁၂) သန်းနှင့် မြန်မာကျပ်ငွေ (၈၃၂၉.၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း (၅၉၈၄) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။