Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ညောင်လေးပင်မြို့၊ မီးရထားဘူတာရုံအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံး/ ထိခိုက်ဒဏ်ရာရရှိသူများအား သွားရောက်ထောက်ပံ့အားပေး

ညောင်လေးပင်မြို့၊ မီးရထားဘူတာရုံအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံး/ ထိခိုက်ဒဏ်ရာရရှိသူများအား သွားရောက်ထောက်ပံ့အားပေး

ညောင်လေးပင် ဖေဖော်ဝါရီ ၁၃
===============

ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်၊ မီးရထားဘူတာ ခရီးသွားစင်္ကြန်၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မွန်းတည့်(၁၂:၂၀)အချိန်ခန့်တွင် NUG, CRPH, လက်အောက်ခံ PDFအကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲခဲ့ရာ ခရီးသွားပြည်သူ(၃)ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသော ခရီးသွားပြည်သူ(၈)ဦး၊ နိုင်ငံ့ဝန်ထမ်း(မီးရထားဝန်ထမ်း) (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ညောင်လေးပင်မြို့နယ် ပြည်သူဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တစ်ကိုယ်ရေးသုံး ပစ္စည်းများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအား ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ သေဆုံးသူ(၃)ဦးအတွက် သက်ဆိုင်သူ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။