Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အထူးအလေးထား လိုက်နာရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အထူးအလေးထား လိုက်နာရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၃

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၃)ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကြုံတွေ့လာရမည့် ပူးပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သီးထပ်စွမ်းအား ထိခိုက်မှုမရှိစေရေးနှင့် သောက်သုံးရေရှားပါးမှုမဖြစ်စေရေး ယခုအချိန်ကတည်းက ကြိုတင်စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊  မကြာမီ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်၍ ပြည်တွင်း / ပြည်ပ ခရီးသွား လုပ်ငန်းများအား လိုအပ်သည့် ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အသစ်ဖွဲ့စည်းခဲ့သည့် ခရိုင်မြို့များတွင် Town Plan များ အသစ်ရေးဆွဲထားရန် လိုအပ်ကြောင်း၊ စက်မှုဇုန် များနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် ကျူးကျော်နေထိုင်မှုမရှိစေရေး လိုအပ်သော ကြေညာချက် များ ထုတ်ပြန်ထားရမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများကို ကဏ္ဍအလိုက် အပြည့်အဝကောက်ခံရရှိရေး အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးရွာသွန်းမှု ကြောင့် ပျက်စီးခဲ့သည့် လမ်း/တံတားများအား ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုအပ်သည့် လမ်းညွှန်အမှတ်အသားများ ထင်ရှားစေရန် ဆေးသုတ်ခြင်းနှင့် ရောင်ပြန်များ အသစ်လဲလှယ် တပ်ဆင်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ပြီး လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စက်ရုံ/အလုပ်ရုံများ၊ Gasifier  များအား သွားရောက်စစ်ဆေး၍ လိုအပ်သည့်အဆင့်မြှင့်တင်ခြင်းများ အသိ ပညာပေးရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အထူးအလေးထား လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်များအား အကြံပြုရှင်းလင်းပြောကြားခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြသည်။

          ယင်းနောက် Zoom Meeting ဖြင့် တက်ရောက်လာသည့် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ပုံမှန်ကျောင်း များ ဖွင့်လှစ်နေမှုနှင့် သီးခြားလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနတစ်ခုချင်းစီ၏ တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။