Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဌာနဆိုင်ရာဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး

ဌာနဆိုင်ရာဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး

ပဲခူး မတ် ၉

==================

မတ်လ(၉)ရက်နေ့ နံနက်(၁၀:၃၀)အချိန်က ဌာနဆိုင်ရာဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အတူ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်တို့လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနရုံး၌ ပဲခူးမြို့ပေါ်ရှိ ပညာရေးဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအား အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက COVID-19 ရောဂါ ကာကွယ်ဆေးထိုး နှံနေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။

မတ်လ(၉)ရက်နေ့တွင် ပဲခူးမြို့၌ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက အဖွဲ့များခွဲ၍ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးနှင့် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတို့၌ စုရပ်ထား၍ ဌာနဆိုင်ရာ ဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။