Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၃

====================

          ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ စက်တင်ဘာလ(၂) ရက်နေ့၊ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးပေါ်တွင် မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသား များ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့ အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေး စည်းမျဉ်းများနှင့် ပါဝင်ရမည့်အချက်အလက်များကို တိကျစွာရှင်းလင်းသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် အထက်တန်းပြဆရာ/ဆရာမများအနေဖြင့်လည်း ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်းသင်ပြမည့် စာမေးပွဲ ဆိုင်ရာ အချက်အလက်များကို သေချာတိကျရှင်းလင်းစွာ သိရှိစေရန်လိုအပ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံ ကောင်းများကို တက္ကသိုလ်ဝင် တန်းဖြေဆိုမည့် ကျောင်းသား/သူများကို အတတ်နိုင်ဆုံး အကောင်းဆုံး ပြန်လည်ကြိုးစားသင်ကြား ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့ရှိ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ ဆရာ/ ဆရာမများနှင့် ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ စုစုပေါင်း(၇၃၆)ဦးအတွက် စားသောက်စရိတ် (၃၆၈၀၀၀ဝိ/-) ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ကြောင်းသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ စာသင်ဆောင်များအတွင်း အထက်တန်းပြ ဆရာ/ဆရာမများအား တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေးစည်းမျဉ်းများနှင့် ပါဝင်ရမည့် အချက်အလက် များ ရှင်းလင်းသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။