Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၄

===============

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၄) ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက် လောင်းလှူခဲ့သည်။

          ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာမဏပဏ္ဍိဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ပြည်ဆန်လှူရှင်အသင်းကြီး၏ ဥက္ကဋ္ဌ ဦးသန်းစိုးက သာသနာရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများအား လျှောက်ထားခဲ့ကာ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ကြသည်။

          ယင်းနောက် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သေသနာဝေပုလ္လကာရီသီလရှင် ဆရာလေးများက ဆုတောင်းမေတ္တာပို့သခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

          ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာကြ သည့် ဆရာတော်/သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် များက ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ပြည်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက်နှင့် သီလရှင် စုစုပေါင်း (၆၇၈)ကျောင်းအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများမှ စုပေါင်း၍ ဆွမ်းဆန်တော်(၂၁၂၀)အိတ်၊ ဆီ(၃၃၉)ပိဿာ၊ ပဲ(၆၇၈)ပိဿာ၊ ဆား(၁၃၅၆)ပိဿာနှင့် နဝကမ္မအလှူငွေ(၉၁၂၀၀၀ဝိ/-)၊ စုစုပေါင်းလှူဒါန်းမှုတန်ဖိုး (၁၀၀၀၉၆၀၀ဝိ/-)အား ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။