Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တရားသောစစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများပို့ဆောင်

တရားသောစစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများပို့ဆောင်

ပဲခူး ဩဂုတ် ၁

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့သည် တရားသော စစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများ ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေး ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ စနစ်တကျ ထုပ်ပိုးနေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ တန်ဖိုးကျပ် သိန်း(၂၅၀)ကျော်ဖြစ်ကြောင်း သတင်းရရှိ သည်။