Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၂၉
========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမစုရပ်နှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးစုရပ်တို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း၊ အင်းတကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် Volunteerများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်မှုမရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက်အရွယ် ကြီးသူများ ပါဝင်သည်ဖြစ်၍ အဘိုး၊ အဘွားများ၏ ကျန်းမာရေးကို တစ်ပါတည်း စစ်ဆေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စေရန်၊ ကာကွယ်ဆေး လာရောက်ထိုးနှံသူ များအတွက် လိုအပ်ပါက Mask ၊ Face Shield စသည့် ကျန်းမာရေး အကာကွယ်ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးရန်၊ လူစုလူဝေးမဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သက်ကြီးရွယ်အို အဘိုး/ အဘွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းဖြစ်ပြီး ကုသိုလ်ရ သောလုပ်ငန်းတစ်ခုဖြစ်၍ စေတနာထားလုပ်ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ပြည်သူများအတွက် အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများနှင့် စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီအထည်(၃၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်အဝင် ဝင်းဘော်ဒတ် လုံခြုံရေးနှင့် ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်သို့ သွားရောက်ခဲ့ပြီး လူ/ယာဉ် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် စစ်ဆေးရေးဂိတ် တာဝန်ကျဝန်ထမ်းများအတွက် အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကင်းသာပန်းခြံအဆင့်မြှင့်တင် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ စိတ်လက်