Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဓါတ်လှေကားတပ်ဆင်ပြီးစီး ဖွင့်လှစ်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဓါတ်လှေကားတပ်ဆင်ပြီးစီး ဖွင့်လှစ်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၉

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍  စေတနာရှင်ပြည်သူများနှင့် စုပေါင်းကာ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတို့၌ တပ်ဆင်ခဲ့သည့် ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံ ခဲ့ခြင်းတို့အတွက် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းက ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီးတွင် တပ်ဆင်ပြီးစီးခဲ့သည့် ဓါတ်လှေကားရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာ သည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်လှေကားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။

          ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက် လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားစတင်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ မြို့မ စာသင်တိုက် ပဓာနနာယကဆရာတော်  ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြကာ ကြွရောက်လာသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအား အမိုးများအသစ်လဲလှယ် ခြင်း၊ ဘုံအဆင့်များပြုပြင်၍ ရွှေရောင်စတီးပန်းများတပ်ဆင်ခြင်း၊ အောက်ထပ်တွင် ပန်းတမော့လက်ရာ များဖြင့် အဆင့်မြှင့်တင်ခြင်း၊ မြန်မာမှုများ ပြန်လည်ပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ကြွေပြားခင်းခြင်း၊ အပေါ်ထပ် အဲကွန်းများတပ်ဆင်ပေးခြင်း၊ ထရန်စဖော်မာ(၂၀၀)ကေဗွီအေ တပ်ဆင်ပေးခြင်း၊ လမ်းမီးတိုင် နှင့် လျှပ်စစ်မီးလိုင်းများ အသစ်တပ်ဆင်ပေးခြင်း၊ ဓါတ်လှေကားတပ်ဆင်ပေးခြင်း၊ ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးသည်(၂၀-၁၀-၁၉၉၅)ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ ယခုအခါ နှစ်ပေါင်း(၂၆)နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဘုံအဆင့်ပြဿဒ်များ၊ အမိုးသွပ်ပြားများနှင့် မြန်မာမှုပန်းချူးပန်းနွယ် လက်ရာများ ပျက်စီးဆွေးမြေ့ယိုယွင်းလာသည့်တွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဘက်စုံ ပြုပြင်မွမ်းမံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။