Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသားဖွားသင်တန်း ကျောင်းရှိ အဆောင်နေ ကျောင်းသား/သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသားဖွားသင်တန်း ကျောင်းရှိ အဆောင်နေ ကျောင်းသား/သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ပဲခူး ဇန်နဝါရီ ၁

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁)ရက်နေ့၊ နံနက်ပိုင်း က တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေ ကျောင်းသား/ သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအား ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်နေကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေးရောင်းချ ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်/ကျောင်းများတွင် အပတ်စဉ်ရောင်းချပေးနိုင် ရေး၊ အသား/ငါး/ဥများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ သား/ငါး နှင့် သီးခြားစားသုံးကုန်ပစ္စည်းများ အမယ်စုံလာရောက်ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်မှုလက်မှုသိပ္ပံ(ပဲခူး)နှင့် သူနာပြု သားဖွားသင်တန်းကျောင်းများရှိ ကျောင်းသား/သူများ၊ သင်တန်းသူများနှင့် ဆရာ/ဆရာမများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေး ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူများနှင့် သင်တန်းသူများတွက် တစ်လစာ ဆန်နှင့်ဆီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြည်သူများအတွက် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ သား/ငါး/ဥနှင့် ဟင်းသီးဟင်းရွက်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လမှစ၍ မြို့နယ်(၂၈)မြို့နယ်ရှိ မြို့မ ဈေးကြီးများတွင် ဒေသအလိုက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုအခါ တိုင်းဒေသကြီးအတွင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ သင်တန်းကျောင်းများတွင် ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်၍ အခြေခံစားသုံးကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ် တိုက်ရိုက်လာရောက် ရောင်းချပေးသွားမည်ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှေးဟောင်းသမိုင်းဝင် စိန်သာလျောင်း ဘုရားကြီး အဝင်လမ်း အဆင့်မြှင့်တင်နေမှုနှင့် ပဲခူး-သနပ်ပင်လမ်းမပေါ်ရှိ အင်းဝတံခါးပေါက်အနီး ဟံသာဝတီရှေးဟောင်းကျုံးနှင့် ဟံသာဝတီမြို့ရိုး ပြန်လည်တူးဖော်ဆောင်ရွက်နေမှုတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုများမရှိစေရေး၊ ကျုံးထောင့်စေတီများ ပြန်လည်ဖော်ထုတ်နိုင်ရေး၊ ရှေးမူလက်ရာမပျက်ပြင်ဆင်သွားရန်နှင့် ခရီးသွားပြည်သူများ ဖတ်ရှုလေ့လာနိုင် ရေး သမိုင်းမှတ်တမ်းများ  QR Code စနစ်ဖြင့် ထားရှိသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။