Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ

ပဲခူး ဧပြီ ၁၆

==============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် သင်္ကြန်အတတ်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီလ(၁၆)ရက်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ်စတုဒီသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံ ချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိ ကြောင်းသိရှိ ရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဖျော်ဖြေရေးမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး တပ်တွင်းမိသားစုများ၏ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုငွေ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တပ်တွင်းမိသားစုယိမ်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အပြန်အလှန် အတာရေပတ်ဖျန်းပေးခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ခေတ်ပေါ် တေးဂီတ ဖြေဖျော်နေမှု၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာမဏ္ဍပ်များ၌ ကျွေးမွေးနေမှုများအား အများပြည်သူနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိ သည်။