Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံး မဖြစ်မနေ(KG+9)အထိ တက်ရောက် သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

တိုင်းဒေသကြီးအတွင်း ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံး မဖြစ်မနေ(KG+9)အထိ တက်ရောက် သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇွန် ၄

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု အခြေအနေနှင့်ပတ်သက်၍ ခရိုင်/တိုင်းဒေသကြီး ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်အား ယနေ့လူငယ် များမှ ပုခုံးပြောင်းတာဝန်ယူကြရမှာဖြစ်၍ ပညာရေးနှင့် စာတတ်မြောက်ရေးသည် နိုင်ငံတော်အတွက် အလွန်ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုပင်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရမှ ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံး မဖြစ်မနေ(KG+9)အထိ အခမဲ့ပညာသင်ကြားနိုင်ရေး  ဘက်ပေါင်းစုံ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့် ကျောင်းအပ်နှံရေးနှင့် ဇူလိုင် လကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမည်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ အသက်မွေးပညာရပ်များ ဖွင့်လှစ်သင်ကြား ပေးနေသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်းများတွင်လည်း သင်ထောက်ကူ ပစ္စည်းများပြည်စုံစေရေး လိုအပ်သည်များ ဖြည့်ဆည်း ပေးသွားရမှာဖြစ်သလို ခရိုင်/မြို့နယ်ပညာရေးမှူးများအနေဖြင့် ကျေးရွာအဆင့် စာသင်ကျောင်း များအထိ ကွင်းဆင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြပေးစေလို ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင် ပညာရေးမှူးတို့က မြို့နယ်အလိုက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကျောင်းအပ်နှံနိုင် မှုနှင့်ကျောင်းတက်ရောက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး(အနောက်) ပညာရေးမှူး နှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က နှစ်အလိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုနှင့် တန်းစဉ် ကူးပြောင်းမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြုတင် ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် ရာခိုင်နှုန်းအပြည့် ကျောင်းတက်ရောက် နိုင်ရေး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။