Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

တိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဇူလိုင် ၂၀

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက  ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့် အညီ စနစ်တကျ နေထိုင်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးသက်တမ်းမကုန်ဆုံးမီ စနစ်တကျ စီမံခန့်ခွဲ၍ ကာကွယ်ဆေး ထိုးနှံရန် ခရိုင်/မြို့နယ် စီမံအု်ပချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အထူးအလေးထား ဆောင်ရွက်ရန် ပြောကြား ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ် (၁၉)ရောဂါပိုး တွေ့ရှိမှုနှင့် ကုသမှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Facility Quarantine များ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ကျန်ရှိမှု နှင့် Oxygen Plant များ အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ Facility Quarantine များ ကြံ့ခိုင်မှုစစ်ဆေး ခြင်းဆောင်ရွက်ရန်၊ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးခြင်းနှင့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးစာရင်းများ စနစ်တကျ Database အတွင်း ထည့်သွင်းနိုင်ရေး အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။