Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး မေ ၇

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၆)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ဧပြီလမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၀.၁)ရာခိုင်နှုန်းသာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု (၉၃)ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်ပြီး ဆက်လက်၍ ဦးတည် အုပ်စုအလိုက် (၁၀၀)ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မပြတ် ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ဆေးထိုးနှံရန် ကျန်ရှိသူများအနက် တိုင်းကျော်/နယ်ကျော် သွားရောက်သူများအား ရောက်ရှိနေသည့် မြို့နယ်များနှင့်ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မှသာ တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သူဦးရေ လျော့ကျသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ဦးတည်အုပ်စုအလိုက် ကျန်ရှိသည့်မြို့နယ်များမှ အခက်အခဲများ တင်ပြပေးရန်နှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အသက်(၁၈)နှစ်အထက် ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေနှင့် ဦးတည်အုပ်စုအလိုက် (၁၀၀)ရာခိုင်နှုန်းအပြည့် ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ကြသည်။

ယင်းနောက် အစိုးရအဖွဲ့ အတွင်းရေးမှူးက  တိုင်းကျော်/ နယ်ကျော် သွားရောက်သူများ၏ စာရင်းဇယားအချက်အလက်များအား ရောက်ရှိနေသည့် မြို့နယ်များနှင့် ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံ နိုင်ရေး ဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုမှ မြေပြင်ကွင်းဆင်း ကာကွယ်ဆေးထိုးနှံရာတွင် တပ်မတော်ဆေး တပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီး အကြံပြုတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။