Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၃

==============

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ဂဟတရားနှင့် လျော်ညီသည့် ချီးမြှင့်ထိုက်သူ ချီးမြှောက်ထုက်သူတို့ကို ဖော်ထုတ်ချီးမြှင့်ခြင်းပြုသည့် ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ် ကြောင်း၊ ရှေးမြန်မာဘုရင်များလက်ထပ်မှ ယနေ့အထိ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးနှင့် စီမံ ခန့်ခွဲရေးစသည့် ကဏ္ဍများတွင် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့ကြသူများကို သက်ဆိုင်ရာနယ်ပယ် အလိုက် ဘွဲ့ထူး၊ ဂုဏ်ထူးများပေး၍ ချီးမြှင့်မြှောက်စားခဲ့ကြသလို ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့် ကဏ္ဍအသီးသီး တွင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၆၂)ဦး ဖော်ထုတ် ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်(၇၈)ဦးအား ဖော်ထုတ်၍ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ထူးဆောင်ဆုငွေများ ထပ်မံပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူများသည် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျရာတာဝန်များကို အများနှင့်မတူ ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ပြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသူများ၏ မိသားစုဝင်များအတွက် သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားစရာ သမိုင်းမှတ်တိုင် အထိမ်းအမှတ် သင်္ကေတအဖြစ် ဆက်လက်တည်ရှိ နေမှာဖြစ်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဘွဲ့ထူးဂုဏ်ထူးရရှိကြသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆို၊က၊ရေး၊တီး ဆုရရှိသူများ၊ အားကစားထူးချွန် သူများ၊ နည်းပြများ၊ သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ဆုရရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုလက်မှတ် ၊ ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး ဖျော်ဖြေကပြတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)