Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၅

==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည်ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း သော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အခြေခံပြီး စည်းကမ်းပြည့်ဝစွာ အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်(၁၉) စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာ ကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှုနှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။