Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသမှုအား သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇန်နဝါရီ ၂၀

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသ မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး သို့သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး သွားလာရခက်ခဲသော ကျေးရွာများမှ ဒေသခံပြည်သူများလည်း ကျန်းမာရေး စောင့်ရှောက်မှုလာရောက်ခံယူနိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီများ နှင့်ချိတ်ဆက်၍ သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးသွားရန်၊ အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ဆီ၊ အသား/ဥများအား ဈေးနှုန်းသက်သာစွာဖြင့် တစ်ပါတည်းရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သောဆေးဝါးများ ဖြည့်တင်း နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ မြို့နယ်အလိုက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအပြင် အပတ်စဉ်အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ဆေးကုသမှုများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လစဉ်(၂၁)ရက်နေ့တိုင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ ဘိုးဘွားရိပ်သာမှ အဘိုး/အဖွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကံမြင့်ကျေးရွာသို့ ရောက်ရှိခဲ့ ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများ စနစ်ကျလယ်ယာမြေသို့ ပြောင်းလဲနိုင်ရေး၊ စိုက်ပျိုးရေရရှိနိုင်ရေးနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုး နိုင်ရေး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား ဓါတ်မြေဩဇာလျော့ချသုံးစွဲနိုင် ရေးနှင့် မြေဆီမြေနှစ်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့များ ထောက်ပံ့ ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ကြီးကြပ်မှုကော်မတီ၏ (၁၀)တန်းသွား(10 Rows Seeder)မျိုးစေ့ချခြင်းနှင့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အလိုက် ကြဲခင်းစနစ် များ ပပျောက်စေရေး အသိပညာပေးခြင်းများ၊ မျိုးစေ့ချစက်များ၊ လက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။