Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိ သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိ သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၄

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့၊ ဦးအောင်ရွှေ၏ ထာဝရမေတ္တာ ဆန်စက်၊ မြေပဲကြိတ်ခွဲစက်၊ စပါးအခြောက်ခံစက်နှင့် ဆီစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲစိုက်တောင်သူများထံမှ ဒေသပေါက်ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထွက်နှုန်းကောင်း ဗီယက်နမ် မြေပဲမျိုးများ ဖြန့်ဝေပေးခဲ့နိုင်မှုကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် တင်း(၁၀၀)အထက် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ ဦးကျော်စိုး၏ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားရှိသည့် အသားစားကြက် ကောင်ရေ(၁)သိန်း၊ ဥစားကြက် ကောင်ရေ(၅၀၀၀)နှင့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ စုစုပေါင်းကောင်ရေ(၉)သိန်းခွဲ ကျော် မွေးမြူထားသည့် ငါးမွေးမြူရေးကန်များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ငါးကန်များနှင့် သဘာဝမြစ်ချောင်းများတွင် သဘာဝငါးသယံဇာတ မျိုးပွားမှုကို ထိခိုက်စေနိုင်သည့် စုပ်ခွက်ငါးအား တိုးပွားလာမှုအား ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူလျက်ရှိသော ဦးဝင်းဘို၏ ဥစားဘဲမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်း များဖြင့် ထုတ်လုပ်နိုင် ရေးနှင့် ဒေသတွင်း ဥစားသုံးမှု ဖူလုံပိုလျှံနိုင်စေရေး မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ပေါ်ပေါက်လာစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကဝမြို့နယ်သို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၅၄.၇)သန်းဖြင့် မုဒုချောင်းရိုးအရှည်(၈.၂)မိုင် တူးဖော်ပေးနိုင်ခဲ့မှုကြောင့် ယခင်က တစ်နှစ် (၁)သီးသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ မြေဧရိယာ(၁၁၄၀)ဧက သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ဒုတိယသီးနှံအဖြစ် နွေစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်စေရေးအတွက် ကြိုတင် ပျိုးထောင်သည့်စနစ်ဖြင့် စိုက်ပျိုးရန်၊ သဘာဝ မြေဩဇာ ထုတ်လုပ်သုံးစွဲသွားရန်၊ စိုက်ပျိုးရေအား လေလွင့်မှုမရှိ စနစ်တကျသုံးစွဲရန်၊ ရေမြေသဘာဝနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များပြောင်းလဲသုံးစွဲရန် ပြောကြားခဲ့ပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။