Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၀

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တည်ဆောက် ထားသည့် Oxygen Plan လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝန်းပတ်လမ်း နှင့် မင်းလှမြို့အဝင် (၂)မိုင်(၅)ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် မင်းလှမြို့ရှိ အရှည်(၁၂၀)ပေ အကျယ်(၉၀)ပေ အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး အရည်အသွေးကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မင်းလှမြို့နယ်၊ တာကလေးကျေးရွာ၊ ကွင်းအမှတ်(၉၈၂)၌ ဆင်းသုခ(၁၁)ဧက နွေစပါး ရိတ်သိမ်းချွေလှေ့နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းဆီဖူလုံမှုရှိစေရေး တောင်သူများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားသော နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် သဲကောရေလှောင်တမံ သို့ရောက်ရှိခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက သဲကော ရေလှောင်တမံဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က နွေစပါး စိုက်ပျိုးရေအပြည့်အဝရရှိစေရေးနှင့် တမံပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုမရှိစေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တမံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လက်ပံတန်းမြို့ ဝေယံမိုးမြင့် အဆင့်မြင့်ဆန်စက်မှ မိုးစပါးကြိတ်ခွဲနေမှုနှင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ပေးမှု များအား သွားရောက်ကြည့်ရှု အားပေးခဲသည်။        ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့ နည်းပညာဖြန့်ဖြူးရေးဌာနခွဲ၌ ဒေသခံတောင်သူများ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီး စိုက်နည်းစနစ်များအား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးမှ အသိပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သာယာဝတီမြို့၊ အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့ ဆရာစံခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ပရဟိတလူမှုကူညီရေးအသင်းများအား သွားရောက်တွေ့ဆုံ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေကျပ်(၃၅)သိန်း၊ ဂုဏ်ပြုမှတ်တမ်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးစာတမ်းပါ တီရှပ်အင်္ကျီ များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။