Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့

ပဲခူး ဇူလိုင် ၂၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ်၊ ခေတ္တတပ်နယ်မှူးတို့နှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ရေဝင်ရောက်မှု များအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်အတွင်း ပဲခူးမြစ်ရေဝင်ရောက်နေမှုနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ များ၊ ပရဟိတအဖွဲ့များမှ ရေဘေးသင့်အိမ်ထောင်စုများ ပြောင်းရွေ့ပေးနေမှုအား စက်လှေများဖြင့် လှည့်လည် ကြည့်ရှုခဲ့သည်။ ၎င်းနောက် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ နေအိမ်တွင်ကျန်ရှိသူများ စားသုံးမှုအဆင်ပြေစေရေး ထမင်းထုပ်များ လိုက်လံပို့ဆောင်ပေးရန်နှင့် ရပ်ကွက်အလိုက် ကျန်းမာရေးအဖွဲ့ များ သီးခြားဖွဲ့စည်းထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကြီးစုတာအား ရေကျော်မှုမရှိစေရေး သဲအိပ်ဖို့ယာယီရေတားတာ ပြုလုပ်နေမှုအား လှည့်ကြည့်ကြည့်ရှုခဲ့သည်။ ၎င်းနောက် ကျောက်ကြီးစု ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်းသို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသုံးကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများ စားသုံးမှုအဆင် ပြေစေရေး ချက်ပြုတ်ရေးအဖွဲ့များ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ထားရှိ၍ချက်ကျွေးရန်၊ ရေဘေး ကယ်ဆယ်ရေးခစန်းများရှိ ကျန်းမာရေးအဖွဲ့များမှ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့အား ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ ညောင်ဝိုင်း (၁၉)လမ်းထိပ် ပဲခူးမြစ်ရေဝင်ရောက်နေမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများ၊ မြို့မိ/မြို့ဖများ ပူးပေါင်း၍ သဲအိပ်ကာရေတားတာပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နှစ်က ရေကျော်ဝင်ရောက်ခဲ့ သည့် ပုဏ္ဏားစုရပ်ကွက်ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာတစ်ခုဖြစ်သည့် ပန်းလှိုင်တာ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သဲအိပ်ကာခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာအနိမ့်ပိုင်းနေရာများအား သဲအိပ်(၂)ထပ်ကာခြင်း၊ လိုအပ်သည့် သဲအိပ်များ ထပ်မံကြိုတင်စုပုံထားရန်နှင့် ပဲခူးမြစ်ရေတားတာများအား စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

          ပဲခူးမြို့နယ်အတွင်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြှင့်တက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်း အထိ ယာယီရေဘေးရှောင်စခန်း(၂၇)ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့် အိမ်ထောင်စု(၄၇၉၃)၊ လူဦးရေ (၁၈၂၁၀)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ အနီးကပ် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။