Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရာသီဥတုအညွှန်းကိန်း အခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေး အပ်ပွဲ အခမ်းအနာသို့ တက်ရောက်ချီးမြှင့်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရာသီဥတုအညွှန်းကိန်း အခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေး အပ်ပွဲ အခမ်းအနာသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ အောက်တိုဘာ ၇

          သာယာဝတီမြို့၊ ဆရာစံခန်းမ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင် အတွင်း ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်အတွင်း ဇူလိုင်လနှင့် ဩဂုတ်လတွင် ရွာသွန်းမြဲထက် မိုးရေချိန်လက်မ (၂၀.၀၇)လက်မ ပိုမိုရွာသွန်းခဲ့၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ရကြောင်း၊ သာယာဝတီခရိုင်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွက် စိုက်ပျိုးစရိတ်ထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံထားရှိသည့် တောင်သူဦးရေ(၁၉၅၈၆) ဦး၊ ဧကပေါင်း(၁၃၄၀၁၇)အတွက် လျော်ကြေးငွေကျပ် (၄.၀၂၀)ဘီလီယံ ပေးအပ်သွားမှာဖြစ်ပြီး ရေကြီး နစ်မြှုပ်ဧကများအတွက်လည်း ထပ်မံထုတ်ပေးရမှာဖြစ်၍ အာမခံထားရှိသည့် ရေကြီးနစ်မြှုပ်ဧကများ တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ အမြန်ဆုံး မှန်ကန်သောစာရင်းဇယားများ ကောက်ခံရရှိရေး ဆောင်ရွက်စေလို ကြောင်း၊ သီးနှံအာမခံလုပ်ငန်းကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် တောင်သူများအနေဖြင့် သီးနှံအာမခံကို နောင်နှစ်များတွင်လည်း မဖြစ်မနေထားရှိကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။

              ထို့နောက် မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရာသီဥတုအညွှန်ကိန်းသီးနှံ အာမခံ ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင် ညွှန်ကြားရေးမှူးက တောင်သူများ သီနှံအာမခံထားရှိခြင်း အကျိုးကျေးဇူးများအား ရှင်းလင်ပြောကြား ခဲ့သည်။

             ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံ အာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းခံစားခဲ့ရသည့် သာယာဝတီမြို့နယ် နှင့် လက်ပံတန်းမြို့နယ်တို့မှ တောင်သူများအား သီးနှံအာမခံလျော်ကြေးပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် သက်ဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူးများက မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်များရှိ တောင်သူများအတွက် သီးနှံလျော်ကြေး များ အသီးသီးပေးအပ်ခဲ့ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။