Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း နိုဝင်ဘာ ၁၅

=================

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်း စက်မှုကုန်ထုတ်လုပ် ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အင်းရွာရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄)အကြီးစားစက်ရုံဝန်းအတွင်း ကြွေပြားထုတ်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံမှူး ဦးအောင်သိန်းမြင့်မှ ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား စက်ရုံအတွင်း လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်တွင်းစျေးကွက် ခိုင်မာစွာ ရရှိစေရေး၊ ထုတ်ကုန်များအား နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရေးနှင့် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် အရည်အသွေးကို အဓိကထား ထုတ်လုပ်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄) အကြီးစားစက်ရုံ အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သော စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

             ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ Volunteer နှင့် တွေ့ဆုံခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ပံတန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှု လျော့ကျနေပြီဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များအား လျော့မပေးဘဲ အထူးဂရုပြုနေထိုင်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဆီလွှာများ ဓါတ်ခွဲစမ်းသပ်နိုင်ရေး၊ သဘာဝမြေဩဇာ အသုံးပြုနိုင်ရေး၊ နွေစပါးစိုက်ပျိုးရေးအတွက် လိုအပ်သော ရေထိန်းတံခါး(၂)ခုနှင့် ကျေးလက်လမ်းများအား ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

             ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အကြံပြုပြောကြားခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၃၉)မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွားလမ်းပေါ်၌ လုံခြုံရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။