Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး နိုဝင်ဘာ ၁၉

=========================== ‌

          ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသ ကြီးအတွင်း ကျန်းမာကြံ့ခိုင်ရေးနှင့် ကဏ္ဍအလိုက် အားကစားထူးချွန်သူများ ပေါ်ထွက်လာစေရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစား အထောက်အကူပြု ပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ကောင်းမွန်ပြည့်စုံအောင် စီမံဆောင်ရွက်ပေးလျက်ရှိသလို အားကစားကဏ္ဍ ကိုလည်း ယခင်ကထက် ပိုမိုအားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အလားအလာရှိသော လူငယ် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေလေ့ကျင့်ပေးပြီး ခရိုင်/မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ တစ်ဆင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် လူရွေးချယ်ရေး စီမံချက်၊ စခန်းသွင်းလေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေး စီမံချက်များရေးဆွဲ၍ သက်ဆိုင်ရာ အားကစားကော်မတီများ၊ ဆပ်ကော်မတီများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမားများ မွေးထုတ်ပေး နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်များ၊ တံခွန်စိုက်ဖလားများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားရယူဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးမြင့်ခိုင် မှ အားကစားပစ္စည်းများ ဝယ်ယူရေးနှင့် မြို့နယ်အလိုက် ပြန်လည်ဖြန့်ခွဲပေးမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး/တောင်ငူ/ ပြည်/သာယာဝတီခရိုင်များ အတွင်းရှိ မြို့နယ်များအတွက် အားကစားအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများအား ခရိုင်အလိုက်တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် Fitness Dance အဖွဲ့မှ သရုပ်ပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအား ပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် အားကစား အထောက် အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အားကစားအောင်မြင်မှု အဆင့် (၆)မှ(၈)အတွင်း နှစ်စဉ်ရပ်တည်လျက်ရှိပြီး ယခုထက်ပိုမိုအောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ခွင့်ပြုရန်ပုံငွေ(၁၄၄၈၁၈၀၀ဝိ/-)ဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အထောက်အကူပြုအားကစားပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။