Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၅

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးအဖွဲ့သည် မိမိတို့၏ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အခွန်ဘဏ္ဍာငွေပေါ် မူတည်ဆောင်ရွက်ရခြင်းဖြစ်၍ မြို့ပေါ်ရှိ အခွန်ပုံး၊ အခွန်ရှောင်သူများဖော်ထုတ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များရရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိမှသာ မြို့သန့်ရှင်းသာယာလှပ စေရေး ပိုမိုဆောင်ရွက်ပေးနိုင် မှာဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်ချက်သည် မြို့၏သန့်ရှင်းသာယာလှပမှုပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည်ကို သတိချပ်စေလိုကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းအများစုသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ပြည်သူလူထုနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအား ဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှာဖြစ်ကြောင်း၊ မြို့ဝင်/ထွက်နေရာများ ပန်းအလှပင်များ စိုက်ပျိုးသွားရန်၊ အများပြည်သူ အပန်းဖြေသည့် ပန်းခြံများအား ပြန်လည်အဆင့်မြှင့် တင်ခြင်းများ ဆောင်ရွက်သွားရန်၊ ရပ်ကွက်/ဈေးများအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည် တူးဖော်အဆင့် မြှင့်တင်သွားရန်၊ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဈေးရောင်းချ စေရေးတို့အား အနီးကပ် ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် နှစ်စဉ်သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်နိုင်သည့် မြို့အားရွေးချယ်၍ ဆုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပဲခူး တိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့အလိုက် စည်ပင်သာယာရေးလုပ်ငန်း များ ဆောင်ရွက်ပြီးစီးခဲ့မှုနှင့် ၂၀၂၁-၂၀၂၂ (၆)လ  ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့် မြို့သန့်ရှင်း သာယာ လှပစေရေး လုပ်ငန်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့တစ်ခုချင်းအလိုက် လိုအပ်ချက်များအား ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် (၅၉၅၈.၉၅၃)သန်းဖြင့် စည်ပင်သာယာရေးလုပ်ငန်းများဖြစ်သော နိုင်လွန်ကတ္တရာလမ်း(၈)လမ်း၊ ကတ္တရာလမ်း (၁၄)လမ်း၊ ကွန်ကရစ်လမ်း(၇၉)လမ်း၊ ကွန်ကရစ်တံတား(၄၀)စင်း၊ မြို့ပြရေပေးဝေရေး လုပ်ငန်းများနှင့် မြို့သာယာလှပရေးလုပ်ငန်းများအား (၃)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။