Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ ဇန်နဝါရီ ၁၇

==================

          တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ခဲ့ရာ တက္ကသိုလ်ရုံးခန်း၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာကြူကြူဝင်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သီးခြားလိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီးနောက် ဆရာ/ဆရာမများအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့ပြီး တက္ကသိုလ်စာသင်ဆောင်၊ တက္ကသိုလ်ခန်းမ၊ Server Room၊ အားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့ စက်မှုအထက်တန်းကျောင်းရှိ စာသင်ဆောင်နှင့် သင်ကြားရေးအထောက်အကူပြု အလုပ်ရုံများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့သည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကေတုမတီမြို့သစ်ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းမွန်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်အတွက် လိုအပ်သော ကြို/ပို့ယာဉ်၊ CCTV ၊ ခြံစည်းရိုးကာရံခြင်းတို့အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စုရှိ နွေစပါး ဆင်းသုခမျိုးစေ့ထုတ်(၃၀)ဧကတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။