Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူး ဇန်နဝါရီလ ၂၄

========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၄) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရေးနှင့် လျှပ်စစ်မီတာခများ ကြွေးကျန်မရှိစေရေး အနီးကြပ်ကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိသည့်အခွန်ဘဏ္ဍာငွေဖြင့် ပြည်သူ့ဝန်ဆောင်မှုလု်ပငန်းများ ပြန်လည် ဆောင်ရွက်ပေးရခြင်းကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လမ်းဘေးဝဲယာ အရိပ်ရသစ်ပင် စိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ပျိုးပင်များပျိုးထောင်ထားရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ မြို့နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်တည်ငြိမ်စေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နို်ငငံတော်ဘဏ္ဍာငွေ လေလွင့်မှု မရှိစေရေး အထူးသတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ လမ်းဧရိယာနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသည့် နေရာများတွင် ကျူးကျော်နေထိုင်မှုများ ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာအလိုက် အားကစားပြိုင်ပွဲများ၊ Out Door Game များ ပြုလုပ်ကျင်းပပေးရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်သွားလာနိုင်ရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေးနှင့် သီးခြားဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။