Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့ စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့ စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နတ်တလင်း ဇန်နဝါရီ ၂၈

=======================

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် ဇန်နဝါရီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊  ရွှေလင်းခန်းမ၌ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၅)ရပ်အား အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တည်ငြိမ်အေးချမ်းရေး၊ ကျန်းမာရေးနှင့် မြို့ပြ/ကျေးလက် ဟန်ချက်ညီညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက မြို့ရေပေးဝေရေး လုပ်ငန်းကိုလည်းကေားင်း၊ မြို့မိ/မြို့ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။

  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် အားကစားကွင်း သို့ ရောက်ရှိခဲ့ပြီး လိုအပ်သော Ground Tennisကွင်းတစ်ခု တည်ဆောက်ပေးနိုင်ရေး တွက်ချက် တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။