Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ကလိကျေးရွာအနီး (၆)ထပ်ဆေးရုံ တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ကလိကျေးရွာအနီး (၆)ထပ်ဆေးရုံ တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီလ ၂၁

======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည် ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ကလိ(၆)ထပ်ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ ကလိဆေးရုံတည် ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာများ အား ပြောင်းရွေ့ကုသပေးမည့် အခြေအနေများနှင့် ဆေးရုံဧရိယာအတွင်း ရေကြီးမှုမဖြစ်စေရေး ရေဝင်/ထွက် ကောင်းမွန်စေရေးနှင့် ဆေးရုံရေရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများက အသီးသီးတင်ပြခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများအပြင် ပဲခူးမြို့နယ်အတွင်း စက်မှုလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသဖြင့် တိုးတက်လာသည့် လူဦးရေနှင့်အမျှ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် နိုင်ငံတော်မှ ယခုလိုဆေးရုံများ တိုးချဲ့ဆောင်ရွက်ပေး ရခြင်းဖြစ်ကြေင်း၊ ကလိဆေးရုံဝန်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ Liquid Oxygen Station နှင့် Oxygen Plant များ တည်ဆောက်ပေးထားပြီးဖြစ်၍ ဆေးရုံအတွင်းသို့ Oxygen Pipe Line များဖြင့် ချိတ်ဆက်တပ်ဆင်နိုင်ရေး  ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရှိရသည်။

ယင်းနောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆)ထပ် ဆေးရုံအတွက် လိုအပ်သော ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်နှင့် သောက်သုံးရေဖူလုံမှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။