Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက်ထောက်ပံ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက်ထောက်ပံ့

ပဲခူး မေ ၁၆

===================

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက် ထောက်ပံ့ခဲ့သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမသို့ ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို ဆက်လက်အကောင်အထည့်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ စာသင်ခန်း တစ်ခုအတွင်း တိုင်းပြည်၏ အနာဂတ်များ၊ မိဘများ၏ မျှော်မှန်းချက်များ၊ ကျောင်းသား/သူများ၏ ရည်မှန်းချက်များရှိသည်ကို ဆရာ/ဆရာများအနေဖြင့် သတိချပ်စေလိုကြောင်း၊ မိမိတို့ကျောင်းသား/ သူများကို ပြန်လည်သင်ကြားရာတွင် သင်တန်းမှပို့ချခဲ့သည့်အတိုင်း ပြည့်ပြည့်ဝဝ ပြန်လည်ပို့ချ သင်ကြားပေးရန်လိုကြောင်းနှင့် ကျောင်းသား/ သူများကို သင်ကြားပေးရာတွင်လည်း စာတတ်ရုံသက်သက်မဟုတ်ဘဲ မိဘ၊ ဆရာသမားများ၊ လူကြီးသူမများကို ရိုသေလေးစားတတ်အောင် လိမ္မာယဉ်ကျေးပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန် ဖွံ့ဖြိုးလာအောင် သင်ကြားပေးကြရမှာ ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဆရာကြီးဦးစိုးလွင်က တိုင်းဒေသကြီးအဆင့် Grade-11(သင်ရိုးသစ်)နည်းပြသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းကြီးကြပ်၊ နည်းပြ၊ သင်တန်းသား/သူ ဆရာ/ဆရာမ စုစုပေါင်း(၁၉၃)ဦးအတွက် ငွေကျပ်(၁၉၃၀၀၀ဝိ/-) ထောက်ပံ့ပေး အပ်ခဲ့ပြီး သင်တန်းသား/ သူ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့ တာဝန်ယူခဲ့ သည့်အချိ်နတွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းနှင့် ကြုံတွေ့ခဲ့ရပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen လိုအပ်ချက်ကို အချိန်တိုအတွင်း ရရှိနိုင်သည့် နည်းလမ်း ပေါင်းစုံမှ ရှာဖွေဝယ်ယူ ဖြည့်ဆည်းပေးခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အရှိန်အဟုန်ဖြင့် ထိုးနိုင်ပေးနိုင် ခဲ့သဖြင့် ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်းကို အခက်အခဲမရှိ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအား မိမိတို့အစိုးရအဖွဲ့ အနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံဝန်ထမ်းများဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ပါတီ နိုင်ငံရေးကင်းရှင်းစွာဖြင့် ပြည်သူ့များအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ပြည်သူတစ်ရပ် လုံး အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်စေရေး၊ (၅)နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရချို့တဲ့မှု မဖြစ်စေရေးအတွက် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများအား မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နည်းပြ၊ ကြီးကြပ်သူနှင့် သင်တန်းသား/သူ စုစုပေါင်း (၆၆)ဦးအတွက် ငွေကျပ်(၆၆၀၀၀ဝိ-)ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။