Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ ဇွန် ၂

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ် သစ်လွင်ကြိုဆိုပွဲ၌ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံဆရာတစ်ဦးတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ၊ ကျောင်း သား/သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

          အဆိုပါ ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ် သစ်လွင်ကြိုဆိုပွဲ၌ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ငွေကျပ်သိန်း(၅၀)နှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း (သုံးဆယ်)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(သာယာဝတီ)များသို့ သွားရောက်၍ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား/သူ ကလေးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အာဟာရမုန့်နှင့် အအေးများ အခမဲ့ပေးဝေခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် စာသင်ဆောင်များအတွင်း အေးချမ်းစွာပညာ သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ခုံများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ ရေစီး ရေလာ ကောင်းမွန်စေရေး၊ ကလေးကစားကွင်းနှင့် မီးစက်(၁)လုံးတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ နှင့် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုတို့၌ မိုးစပါးစုပေါင်းထွန်ယက်ပွဲ ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆည်ရေသောက်ဧရိယာနှင့် အခြားနည်းလမ်းဖြင့် ရေရရှိရေး ဆောင်ရွက်ပေးထားသည့် လယ်ယာမြေများတွင် မြေလပ်မရှိ တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများအား တစ်ဘက် တစ်လမ်းမှ ဝင်ငွေ ရရှိစေရေး ဒေသကြက်မွေးမြူနိုင်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့၊ ဝေယံမိုး(၂)အဆင့်မြင့် ဆန်စက်သို့ ရောက်ရှိခဲ့ပြီး စပါးပေါ်ချိန်တွင် သက်မှတ်ထားသည့် အာမခံစပါးဈေးအတိုင်း ဝယ်ယူသွားနိုင် ရေးနှင့် ပြည်ပဈေးကွက်သို့ အခက်အခဲမရှိ တင်ပို့နိုင်ရေး သက်ဆိုင်ရာဌာနဆို်ငရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။