Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၁၄

==================

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၉) ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေအတွင်း တည်ဆောက်ထားသော Myanstar Garment Co., Ltd ၏ အနောက်တိုင်း ဝတ်စုံထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏ အခြေခံအချက် အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း အနောက်တိုင်းဝတ်စုံ ချုပ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်း(CSR)များ တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Bago Sport Gloves Co., Ltd ၏ လက်အိတ်ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက် ခဲ့ရာ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံမှ စက်ရုံဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း လက်အိတ်အမျိုးမျိုး ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ပမှ မိတ်ဖက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံဖိတ်ခေါ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာ ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Sunjin Myanmar Co., Ltd တိရစ္ဆာန်အစာစပ်စက်ရုံများသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံဆိုင်ရာ အချက်အလက်များအား စက်ရုံတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်တွင်းထုတ်ကုန်ကြမ်းများအား အများဆုံး သုံးစွဲနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်ဓါတ်အား သုံးစွဲရာတွင် ဆိုလာစနစ်နှင့် တွဲဖက်သုံးစွဲနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေနှင့် ပြည်တွင်းစက်မှုနယ်မြေများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။