Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄

================

          ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ (ရာကာ-၆၆၆)မျိုး၊ တစ်ဧက ပိဿာ(၁၀၀၀) ထွက်ရှိရန် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ဝါစိုက်ခင်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး စံပြကွက်(၅၀)ဧကနှင့် အရည်အသွေးကောင်းစမ်းသပ်ကွက်(၂)ဧက တို့အတွက် ဓါတ်မြေဩဇာ၊ ပိုတက်စီယမ်၊ ယူရီးယားနှင့် ပိုးသတ်ဆေးရည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံ ကျေးရွာများအတွက် လိုအပ်သော ကျေးရွာချင်းဆက်လမ်းများ၊ ချောင်းကူးတံတားနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင် မွန်းမံနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ဝန်တင်ဆိပ်ကျေးရွာ၊ နဝင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Stone Gabion Box မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများသည် ကုန်ကျစရိတ်များပြားသည့် လုပ်ငန်းများ ဖြစ်၍ ရေရှည်တည်တံ့ကောင်းမွန်စေရေး ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် တို်ငးဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စုရှိ GW-11 မိုးစပါး တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)စံပြကွက် မြေဩဇာကြဲပတ်နေမှုအား ကြည့်ရှုအား ပေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး သက်တမ်းတိုသည့် ပဲတီစိမ်း(ရေဆင်း-၉) မျိုးရရှိရေးနှင့် နွေစပါး စိုက်ပျိုးနိုင်ရေးနှင့် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးမည့် အစီအစဉ်များကို ဒေသခံပြည်သူအား ရှင်းလင်း ပြောကြားခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် သွင်းအားစုများ တောင်သူလက်ဝယ် ရောက်ရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်(၅၈၈)သန်းဖြင့် ဆောင်ရွက်နေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ငွေအသပြာဆိုလာစနစ် ရေတင်လုပ်ငန်း (၄၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်၍ သတ်မှတ်အကျိုးပြုဧကအားလုံး နွေစပါးစိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။