Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးငြှိမ်းသတ်ယာဉ်(၆)စီးအား လွှဲပြောင်းပေးအပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးငြှိမ်းသတ်ယာဉ်(၆)စီးအား လွှဲပြောင်းပေးအပ်

ပဲခူး စက်တင်ဘာ ၁၁

=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၇၂၀)သန်းဖြင့် ဝယ်ယူခဲ့သည့် 6×6 Fire Fighting Vehicle (Water 2800 Gal & Foam 900 Gal)ပါ မီးငြှိမ်းသတ်ယာဉ် (၆)စီးအား ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ် စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် ရှိရန်လိုအပ်သလို မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းများလည်း စဉ်ဆက်မပြတ် လေ့ကျင့် နေရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နည်းပညာများနှင့် ကျွမ်းကျင်မှုရှိအောင် မီးသတ် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကိုလည်း ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုများ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီး စောင့်ရှောက်ရန် လိုအပ်တဲ့ မီးငြှိမ်းသတ်ယာဉ်များသည် မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်သည့်အတွက် ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် လွှဲပြောင်းပေးအပ်ခဲ့သည့် မီးငြှိမ်းသတ်ယာဉ်များမှ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းအား ပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

        အဆိုပါ မီးငြှိမ်းသတ်ယာဉ်(၆)စီးအား  ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးအတွက်(၂)စီး၊ ညောင်လေးပင်ခရိုင် မီးသတ်စခန်းအတွက် (၁)စီး၊ တောင်ငူခရိုင်မီးသတ်စခန်းအတွက်(၁)စီး၊ ပြည်ခရိုင် မီးသတ်စခန်းအတွက်(၁)စီးနှင့် နတ္တလင်းခရိုင် မီးသတ်စခန်းအတွက်(၁)စီး ဖြန့်ခွဲပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။