Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၃

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဇန်နဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့တွင်းတံတား တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တံတားအထူးအဖွဲ့(၉)၊ တာဝန်ရှိသူတစ်ဦးက တံတား တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သနပ်ပင်မြို့တွင်းတံတားသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင် လမ်းပေါ်ရှိပြီး သီလဝါနှင့် တိုက်ရိုက် ချိတ်ဆက်လျက်ရှိကာ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသည့် တံတားဖြစ်၍ သတ်မှတ်စံချိန်စံညွှန်း များအတိုင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ကြရန်လိုအပ်ကြောင်းနှင့် တည်ဆောက်သည့်လုပ်ငန်း အမျိုးအစားအလိုက် QC စစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          အဆိုပါ သနပ်ပင်မြို့တွင်းတံတားသည် သနပ်ပင်မြို့နယ်၊ စစ်တောင်းတူးမြောင်းအား ဖြတ်သန်း၍ အရှည်(၂၄၀)ပေ၊ အကျယ်(၄၉)ပေ သံကူကွန်ကရစ်တံတားဖြစ်ပြီး (၁-၁၀-၂၀၂၁)မှစတင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ပုံငွေကျပ်(၃၂၀၀)သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ တာဝဆိုလာစနစ်ရေတင် စီမံကိန်းလုပ်ငန်း တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စီမံကိန်းတာဝန်ခံအရာရှိက ပဲခူး-စစ်တောင်း တူးမြောင်းတစ်လျှောက် ဆိုလာရေတင်စီမံကိန်း တည်ဆောက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စိုက်ပျိုးရေရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ဆိုလာရေတင်စနစ်သည် ပြန်ပြည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုရသဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သဖြင့် တောင်သူများအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းနိုင်ပြီး နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူဖြစ်စေကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ တည်ဆောက် ရေးလုပ်ငန်းခွင့်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီး ကျေးရွာ၊ ဆောင်းရာသီလူငယ်ဘောလုံးပြိုင်ပွဲနှင့် ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာ ဘောလုံးပြိုင်ပွဲများသို့ သွားရောက်၍ ထောက်ပံ့ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။