Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် ရေထွက်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် ရေထွက်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ပဲခူး မတ် ၁၀

==================

          ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက် စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Phase-II) အစပျိုးအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေး လု်ပငန်းရှင်များ တက်ရောက်ခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် ရေထွက်ကုန်ပစ္စည်းထုတ်လုပ် သည့် လုပ်ငန်းရှင်များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အလတ်စား ရေထွက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအနေဖြင့် ငါးပိ၊ ငါးခြောက်၊ ငါးဆာနယ်၊ ငံပြာရည်၊ ငါးချဉ်နှင့် ပုဇွန်ချဉ်လုပ်ငန်း စုစုပေါင်း(၁၅၇)ခုရှိပြီး ယခုအစည်း အဝေးမှ ရရှိလာသည့် အကြံပြုချက်များ၊ ဖြည့်ဆည်းချက်များဖြင့် ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန် အဖြစ် ကျန်းမာရေးနှင့် ညီညွှတ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ FDA ခွင့်ပြုချက်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှည်(၈၀၀)ပေ၊ အကျယ်(၁၂)ပေရှိ ဂဝံအမာခံ ကုန်ထုတ် လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စံပြရွာထူထောင်ခြင်းစီမံကိန်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ရွာသစ်ကျေးရွာ၊ ကုန်ထုတ်လမ်းအသစ် ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ အဆိုပါကုန်ထုတ်လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပေါက်တောကျေးရွာ၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲနိုင်ရန် မျိုးစေ့ချကိရိယာ (Drum Seeder) ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)များ ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်တမ်းတိုကာ အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးရန်၊ တစ်ကွင်း တစ်ဆက်တည်း မျိုးစပါးတစ်မျိုး တည်းကိုသာစိုက်ပျိုးရန်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တစ်ပိုင် တစ်နိုင်မှ စီးပွားဖြစ်မျိုးစေ့ထုတ် စိုက်ခင်းများထူထောင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၆၃.၀၄)သန်းဖြင့် မြေဧရိယာ(၁၂၁.၄၄)ဧကအား စက်မှု လယ်ယာ စနစ်ကျလယ်ယာမြေဖော်ထုတ်ပြီးစီးခဲ့သည့် အခြေအနေနှင့် အဆိုပါနေရာ၌ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်ချက်အရ တီထွင်ဆန်းသစ်ထားသော လက်တွန်းထွန်စက်နှင့်တွဲဖက်အသုံးပြုသည့် Roller Type (၆)တန်းသွား မျိုးစေ့ချကိရိယာဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လာမည့် မိုးရာသီတွင် ဒေသအလိုက် အသုံးပြုနိုင်ရေးနှင့် ကြဲခင်းစနစ်လျော့ချပြီး အစေ့ချစနစ်များ ပိုမိုးကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာနိုင်စေရေး အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။