Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့် တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့် တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧပြီ ၂၃ ပဲခူး

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)နွေရာသီ လူငယ်ကင်းထောက် သင်တန်းသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး လူငယ်ကင်းထောက်သင်တန်းအတွက် ထောက်ပံ့ငွေ ကျပ်(၅၄၂၁၂၀၀)အား ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသား ကင်းထောက်မောင်/မယ်လေးများက “ပြည်သူ့အတွက် အစဉ်အသင့်” ကင်းထောက်သီချင်းဖြင့် သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်  အားပေးစကားပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သောင်တူးစက်အထောက်အကူပြုရေယာဉ်ဖြင့် ဧရာတီမြစ်အတွင်း ပြည်မြို့နယ်(ဧရာတီမြစ်)၊ ရွှေဘုံသာရေလမ်းကောင်းမွန်ရေး သဲသောင်ခုံဖြတ်ထုတ် ခြင်း၊ သဲအိတ်စီရေလွှဲကာလုပ်ငန်းနှင့် မြရွာအနီး ကုန်တင်သင်္ဘောများရပ်နားနိုင်ရေး ဆိပ်ခံတံတား(Jetty) တည်ဆောက်မည့်နေရာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးနှင့် သဲသောင်ခုံဖယ် ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးရေးနှင့် ရေလမ်းသယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေနိုင်မည်ဖြစ်ပြီး မြရွာကျေးရွာအနီး ဆိပ်ခံတံတား တည်ဆောက်ခြင်းအားဖြင့် ဧရာဝတီဖြစ် အတွင်း လက်ရှိဖြစ်ပေါ်နေသည့် သဲသောင်ခုံများအား ဖယ်ရှားနိုင်ရေးအတွက် များစွာအထောက်အကူပြု မည်ဖြစ်၍ မိုးမကျမီ အမြန်ဆုံးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းလှိုင်၏ ရက်(၁၀၀)မျိုး တစ်ဧကတင်း(၁၁၆)တင်း ထွက်ရှိသည့် မျိုးစေ့ထုတ်စိုက်ခင်း နွေစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူအစုအဖွဲ့ပိုင် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းကာ ပြည်ပဈေးကွက်ဝင် မျိုးစေ့ထုတ်စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်း ဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာကမဌာနာစရိယ ဘဒ္ဒန္တဉာဏဗလထံ သွားရောက်ဖူးမြှော်ကန်တော့ခဲ့ပြီး ကျောင်းတိုက် အတွင်း ပြန်လည်ပြုပြင်မွန်းမံ တည်ဆောက်နေသည့် စန္ဒမုနိပေါင်းတည်ရှေးဟောင်းစေတီ တော်မြတ်ကြီး အတွက် အလှူငွေကျပ်သိန်း(၃၀)အား ပေးအပ်လှူဒါန်းခဲ့ပြီး ရတနာရွှေအုတ်၊ငွေအုတ်များ မင်္ဂလာ အုတ်မြစ်ချခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး နို့စားနွားမွေးမြူသူအစုအဖွဲ့များ ဖွဲ့စည်း၍ သီးသန့်မွေးမြူရေးဇုံ တစ်ခု ဖော်ဆောင်နိုင်ရေး မြေနေရာရွေးချယ်တင်ပြရန်၊ နွားနို့မှ နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးများ တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်များ FDA ရရှိနိုင်ရေး၊ ထုတ်ပိုးမှုစနစ်များကောင်းမွန်းစေရေးနှင့် ကုန်ထုတ်လုပ် များ တိုးချဲ့ထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။