Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေး

ပဲခူး ဩဂုတ် ၃၁

=================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေး တပ်ခွဲသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများကို(၁၀)ရက်အတွင်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့သဖြင့် နိုင်ငံ့အကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ပရဟိတစိတ်အခြေခံပြီး တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ လေ့ကျင့်သားပြည့်ဝ မှုတို့ဖြင့် ပေါင်းစပ်ပြီး လေဘေးသင့်ပြည်သူများအတွက် နေပူမရှောင်၊ မိုးရွာမရှောင် စွမ်းစွမ်းတမံကူညီ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်သည် အချိန်တိုအတွင်း မူလအတိုင်း ပြန်လည်ရောက်ရှိသွား ပြီဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဘေးဒုက္ခအန္တရာယ် များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ရေး ဆောင်ရွက်ရတာဖြစ်၍ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူနိုင်ကြစေလို ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဂုဏ်ပြုခံမီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား မီးသတ်တပ်ဖွဲ့ဝင်(၆)ဦးအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့် ရခိုင်ပြည်နယ်ရှိ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက် ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် ဧည့်သည်တော် များနှင့် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။