Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး နိုဝင်ဘာ ၄

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်း က သနပ်ပင်မြို့နယ်အတွင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်း ရည်မှန်းချက်ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်ကောင်းမွန်စေရေန်လိုအပ်ကြောင်း၊ တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက် ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စနစ်တကျ လယ်ယာမြေဖော်ထုတ်ပေးခြင်း၊ သက်သာသောနှုန်းထားဖြင့် သွင်းအားစု ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးခြင်းများအပြင် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ မြေဆီလွှာစမ်းသပ်ပေးခြင်းနှင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရှာဖွေခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးခြင်း အလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း၊ ဒေသခံတောင်သူများကလည်း နိုင်ငံတော်၏ စေတနာအမှန်ကို သိရှိနားလည်ပြီး မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြေပဲသီးနှံစိုက်ပျိုးသူ တောင်သူများ ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူများနှင့် မတ်ပဲစိုက်ပျိုးသူ တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တက်ရောက်လာသည့် ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးသုံး လယ်ယာစက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲစံပြုကျေးရွာ အုပ်စုရှိ ဦးဝင်းဌေး၏ ဓနတိုးတက်အောင်ကုမ္ပဏီလီမိတက်မှ မြေဧရိယာ(၃၆၄.၇၈)ဧကတွင် GAqP စနစ်ဖြင့် မွေးမြူထားသည့် ငါးမွေးမြူရေးလုပ်ငန်းသို့ရောက်ရှိခဲ့ရာ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းဌေးက မျိုးငါးများ မွေးမြူထားရှိမှု၊ ငါးကန်ဖော်ဆောင်နေမှုနှင့် ငါးထုတ်လုပ်ရောင်းချမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် GAqP စနစ်ဖြင့် မွေးမြူထားသည့် ငါးမွေးမြူရေးလုပ်ငန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းမှ လာရောက်လေ့လာသည့် မွေးမြူရေးအထူးပြု ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အား ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင် လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ မြေထိန်းနံရံများ စနစ်တတကျ တည်ဆောက် သွားရန်နှင့် တံတားအောက်ခြေ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။