Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေ ရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေ ရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

ပြည် နိုဝင်ဘာ ၂၂

====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး ဘက်စုံကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်ကောင်း မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကောက်စိုက် လုပ်သားရှားပါးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  ဒေသခံတောင်သူများအား လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံအား Video Clip ဖြင့် ရှင်းလင်းပြောကြာခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ပန်းတောင်း မြို့နယ်၊ ထောက်ရှာတန်းကျေးရွာ၊ ဆောင်းသီးနှံ ဗီယက်နမ်မြေပဲ ဧက(၁၀၀) တင်း(၁၀၀)ထွက်ရှိရေး စံပြကွက်စိုက်ပျိုးထားရှိမှုအား  ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုး၍ သီးထပ်စွမ်းအား တိုးတက်စေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ငါးမျက်နှာ(ရွာလေး)ကျေးရွာ၌ နှစ်စဉ်သောက်သုံးရေရှားပါးမှု အခက်အခဲ အဆင်ပြေနိုင်စေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သောက်သုံး ရေကန်ပြန်လည်တူးဖော်ပြီးစီးမှုနှင့် ရေဝင်ရောက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်ရေရှည်တည်တံ့ခိုင်မြဲစေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး ဆောင်းသီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များအား တိုင်းဒေသကြီးအတွင်း တောင်သူလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာ ဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ ဆောင်းသီးနှံစိုက်တောင်သူများအား မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။