Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး ဒီဇင်ဘာ ၁

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များ၊ နည်းပြ/အုပ်ချုပ်သူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်မှာပါရှိသည့် “တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော ဦးတည်ချက်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး အမျိုးသားပညာရေးမြင့်မားစေရေးအတွက် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ်များအနေဖြင့် စိတ်ဓါတ်ကြံ့ခိုင်၍ စွမ်းရည်ပြည့်ဝစွာဖြင့် စည်းကမ်းကောင်းမွန် သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ တစ်ဦးချင်း အားကစားအဆင့် အတန်း မြင့်မားမှုမှသည် အသင်းလိုက် အောင်မြင်မှုဆီသို့ ယှဉ်တွဲပူးပေါင်း ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ လူငယ် ကျောင်းသား အားကစားလက်ရွေးစင်မှတစ်ဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်စေရေး အားထုတ် ကြိုးစားသွားကြရန်လိုအပ်ကြောင်းနှင့် ပြိုင်ပွဲကာလတစ်လျှောက်လုံး အားကစား စိတ်ဓာတ်ကို အရင်းတည်ပြီး အနိုင်မခံ အရှုံးမပေး ပဲခူးတိုင်းဒေသကြီး အောင်နိုင်ရေးကို ရရှိအောင် ကြိုးစားအားထုတ် ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူများအား အောင်နိုင်ရေးအလံ၊ ထောက်ပံ့ငွေကျပ်သိန်း(၁၀၀) နှင့် အားကစားအသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ အားကစားအဖွဲ့ ခေါင်းဆောင်က လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

          နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ ဘောလုံး၊ ဘော်လီ ဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်စသည့် အားကစား နည်း(၇)မျိုးတွင် ကျောင်းသား/သူ (၁၁၂)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။