Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

သာယာဝတီ ဒီဇင်ဘာ ၄

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ဦးကျော်သီဟ၏ ပဲမုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နေခြင်းဖြစ်၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်၊ ထုပ်ပိုးမှုစနစ်များ အဆင့် မြှင့်တင်ရန်၊ FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန်နှင့် ဈေးကွက်များ ပိုမိုတိုးချဲ့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၅၀)၌ တောင်သူ(၆)ဦး၏ မြေဧရိယာ(၄၅)ဧကအား အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ်(၂၀.၂)သန်းဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြေဆီလွှာစမ်းသပ်ခြင်းအပြင် မြေဆီလွှာ တွင် လိုအပ်သည့်အဟာရဓါတ်များ ပြည့်ဝစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးသီးနှံအလိုက် ဖြစ်ပေါ်တတ်သည့် မြေအောင်းမှို ရောဂါများအတွက် တစ်ပါးတည်း ဖြေရှင်းနိုင်ရေး အသိပညာပေးရန်၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ထပ်မံဆောင်ရွက် ပေးနိုင်ရေး တွက်ချက်တင်ပြရန်နှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်မည့်နည်းလမ်းအား တစ်ပါတည်းဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၇၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကြီး ကျေးရွာနှင့် ကျွဲသတ်ကလေးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်ဂဝံလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာတွင်းလမ်းနှင့် ကျေးရွာချင်းဆက်လမ်းများတွင် လမ်းဘေးဝဲယာ အရိပ်ရပြီး လူအများစားသုံးနိုင်သည့် သီးပင်/စားပင်များ စိုက်ပျိုးသွားရန်၊ လမ်းပုခုံးသားများ လျောကျမှုမရှိစေ ရေးနှင့် လမ်းအလိုက် ရေရှည်တည်တံ့အသုံးပြုနိုင်ရေး လမ်းကော်မတီဖွဲ့စည်းဆောင်ရွက်ရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ဆင်ကူးရွာသစ်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်သင်းသင်း၏ ငါးမွေးမြူရေးကန်သို့ သွားရောက်၍ ဘေးကင်းလုံခြုံသည့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ပြည်ပပို့ကုန်ဈေးကွက် တိုက်ရိုက်ချိတ်ဆက်နိုင်ရေးနှင့် ကန်ဘောင်တစ်လျှောက် မြေလပ်မရှိ ရာသီသီးနှံပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် ဒေါ်အေးငန်း၏ ဥစားကြက်ကောင်ရေ(၅)သောင်း မွေးမြူရေးခြုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်ရောဂါကျရောက်မှုမရှိစေရေး၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန် အစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် ဒေသတွင်း ဥစားသုံးမှု ဖူလှုံနိုင်ရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရေ၊မြေ၊ရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ် ပြောင်းလဲနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စိုက်ပျိုးသီးနှံအလိုက် ကျရောက် တတ်သည့် ရောဂါနှင့် ပိုးမွှာအန္တရာယ်များ ပြန်လည်ကုစားဆောင်ရွက်နိုင်ရေး အစီအမံမျာအား အသိပညာပေး ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများအား ဆောင်းသီးနှံ စိုက်တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲမျိုးသန့် မျိုးစေ့များနှင့် မင်းလှ မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်ဇုံဖော်ဆောင်မည့် ရွှေလောင်းကျေးရွာ၊ ဒီလှိုင်းကျေးရွာ၊ သရက်တောကျေးရွာ နှင့် ဖြူကွင်းကျေးရွာများမှ ဒေသခံတောင်သူများအား မြစိမ်းရောင်ရန်ပုံငွေ ကျပ်သိန်း(၁၂၀၀)အား‌ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။